မိုင်းဆတ်မြို့တွင် အမျိုးသားတစ်ဦး တောင်ယာသွားလမ်း၌ အသတ်ခံရ

မိုင်းဆတ်မြို့တွင် အမျိုးသားတစ်ဦး တောင်ယာသွားလမ်း၌ အသတ်ခံရ
ဖေဖော်ဝါရီ 21, 2020
By Tachileik News Agency
 မိုင်းဆတ်မြို့တွင် အမျိုးသားတစ်ဦး တောင်ယာသွားလမ်း၌ အသတ်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဂျူးလုကျေးရွာနှင့် ပါဘောကျေးရွာကြား မိုင်းဆတ်-တာချီလိတ် ကားလမ်းမဘေး တောင်ယာသွားလမ်းမပေါ်၌ အမျိုးသားတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့၌တွေ့ရ၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပါဘောကျေးရွာ ရာအိမ်မှူးနှင့် ပြည်သူ့စစ်အဖွဲ့တို့က  နံနက် (၈)နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့သဖြင့် ရဲတပ်ဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သည့်အဖွဲ့ဖြင့် အခင်းဖြစ်နေရာကရို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ (၁၃)မိုင်ကျေးရွာမှ အသက် (၃၂)နှစ်အရွယ် ပီလယ်ဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၄၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~