တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းမိသည့် လူငယ်၏ နေအိမ်မှလက်နက်နှင့် ကျည်များပါ ဖော်ထုတ်ဖမ်းမိ

ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းမိသည့် လူငယ်၏ နေအိမ်မှလက်နက်နှင့် ကျည်များပါ ဖော်ထုတ်ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူငယ်တစ်ဦးအား မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိရာမှ နေအိမ်မှ လက်နက်နှင့် ကျည်များကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ညနေ (၄)နာရီ အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် စိုင်းရှဲန်ဝန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ကတ်တမင်း (၉၀၀) ဂရမ်ကို ဖမ်းဆီးရမိရာမှ ဆက်လက်စစ်ဆေးချက်အရ မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ ဝမ်တုံရွာရှိ ၎င်း၏ နေအိမ်မှ M16  သေနတ် (၁)လက်၊ 5.56 ကျည်စုစုပေါင်း (၂၉၄) တောင့်၊ 9 MM Luger ကျည် (၁၀၀)တောင့်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၀)အရွယ် စိုင်းရှဲန်ဝန်းအား မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)အရအမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~