တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက်ကိုးဆယ် ကျားမင်းစီမံချက်

တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရက်ကိုးဆယ် ကျားမင်းစီမံချက်
ဖေဖော်ဝါရီ 10, 2020 | ရှမ်းရှေ့
 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းမှာ မှုခင်းကျဆင်းဖို့အတွက် လောင်းကစားလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကစပြီး ဖမ်းစီးမှုတွေလုပ်ဆောင်နေပြီး ကျားမင်းစီမံချက်ကို ရက်ပေါင်း (၉၀) သတ်မှတ်ကာ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။

တာချီလိတ်မြို့က နေအိမ်ခန်းအငှားတွေမှာ တဖက်နိုင်ငံက တရားခံပြေးတွေနေထိုင်မှု မရှိစေဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။

တာချီလိတ်မြို့တွင်း ငါးမန်းဂိမ်းခုံများကို ဖမ်းဆီးပြီး ဟိုတယ်များတွင် လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်ထားမှုရှိ၊ မရှိကို ဝင်ရောက်စစ်ဆေးခဲ့ပြီး လောင်းကစားမှုတွေ ပိတ်ပင်လိုက်ပြီးနောက် မှုခင်းတွေမဖြစ်စေဖို့အတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနဲ့ သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ကျားမင်းစီမံချက်ကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး  - ဟန်စိုးထိုက် 

Ko Zaung is the editor-in-chief of Tachileik News Agency.