Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်မှ အွန်လိုင်လောင်းကစားးဂိမ်းဆိုင်များတွင် အင်တာနက်တပ်ဆင်ပေးခြင်းမပြုရန် အင်တာနက်ကုမ္ပဏီများကို ခေါ်ယူအသိပေး

တာချီလိတ်မှ အွန်လိုင်းလောင်းကစားဂိမ်းဆိုင်များတွင် အင်တာနက်တပ်ဆင်ပေးခြင်းမပြုရန် အင်တာနက်ကုမ္ပဏီများကို ခေါ်ယူအသိပေး နယ်စပ်ဒေသ တာချီလိ...

တာချီလိတ်မှ အွန်လိုင်းလောင်းကစားဂိမ်းဆိုင်များတွင် အင်တာနက်တပ်ဆင်ပေးခြင်းမပြုရန် အင်တာနက်ကုမ္ပဏီများကို ခေါ်ယူအသိပေး

နယ်စပ်ဒေသ တာချီလိတ်မြို့တွင်း လုံခြုံရေးဆိုင်ရာကိစ္စများနှင့် တရားမဝင် လောင်းကစားလုပ်ငန်းများ ထိန်းချုပ်နိုင်ရေး အတွက် အွန်လိုင်း လောင်းကစားဂိမ်းဆိုင်များ၌ အင်တာနက်တပ်ဆင်ခြင်း မပြုလုပ်ရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီက အင်တာနက်ကုမ္ပဏီများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်က ခေါ်ယူ သတိပေးထားသည်။

"ကျွန်တော်တို့ကို သမ္မတကြီးအနေနဲ့ အထူးစိုးရိမ်လို့ နာမည်တပ်ပြီးပြောတဲ့အချိန်မှာ လောင်းကစားကိစ္စတွေကို ဆက်ပြီးလုပ်မယ်ဆိုရင် အကုန်အရေးယူခံရမှာ ဖြစ်ပါတယ်။ သမ္မတကြီး လမ်းညွှန်မှာကြားသွားရင် လိုက်ပါ ဆောင်ရွက်ရမှာက နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတွေ မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့နေရာမှာ သက်ဆိုင်တဲ့ အင်တာနက်ကုမ္ပဏီတွေကလည်း အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြဖို့ ဥပဒေကြောင်းဆိုင်ရာတွေ ရှင်းပြပြီးဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် တရားမဝင်လုပ်ကိုင်နေသည့် လောင်းကစားလုပ်ငန်းများကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှစတင်ပြီး ဖမ်းဆီးမှုများလုပ်ဆောင်ကာ ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက်နေ့က အတည်ပြု ပြဌာန်းထားသည့် လောင်းကစားဥပဒေသစ်ဖြင့် အမှုဖွင့်အရေးယူမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

လုံခြုံရေးဆိုင်ရာကိစ္စများနှင့် တရားမဝင် လောင်းကစားမှုများ ထိန်းချုပ်နိုင်ရေး လုပ်ငန်းအစည်းအဝေးကို ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အင်တာနက်ကုမ္ပဏီ (၁၀) ခုမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းက တောင်ကြီး ခရီးစဉ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ဒေသတာချီလိတ်မြို့၌ လောင်းကစားမှုများ ထိန်းသိမ်းကြပ်မတ်ရန် လမ်းညွှန်လိုက်ပြီးနောက် တာချီလိတ်မြို့တွင်း ဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းဆိုင်အချို့ကို ဖမ်းဆီးခြင်းနှင့် ဟိုတယ်အချို့ရှိ လောင်းကစားဂိမ်းစက်များကို ဝင်ရောက်ရှာဖွေခြင်းများကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ (၆) ရက်နေ့မှစတင်ကာ ဆောင်ရွက်လာသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း











~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Header Ad

//