မိုင်းဆတ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း နယ်မြေရှင်းလင်းရာမှ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

မိုင်းဆတ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း နယ်မြေရှင်းလင်းရာမှ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
မိုင်းဆတ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း နယ်မြေရှင်းလင်းရာမှ 
မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုး(အာခါ) ကျေးရွာ အတွင်း တပ်မတော် နယ်မြေရှင်းလင်းရေးစစ်ကြောင်းက သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ ည (၇)နာရီ၌ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးကြောင်း သိရသည်။

တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ပါဟိုး(အာခါ)ရွာတွင် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄) နာရီဝန်းကျင်က ဦးအားခေါ်နှင့် ဒေါ်မီးချူး နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၄၀၀)ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် (၂၄၅)ဂရမ်ခန့်၊ ၂၀၂၀ အမှတ် အသားပါ သစ်သားဖြင့်ပြုလုပ်ထားသော လေးထောင့်တံဆိပ်တုံး(၁)ခုနှင့် Ink Pad (၁)ခုနှင့် ညနေ (၄)နာရီခွဲတွင် ဒေါ်မိရိုးနေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၅၀)ပြားကို တွေ့ရကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေးစစ်ကြောင်းသည် ညနေ(၅) နာရီအချိန်တွင် အဆိုပါရွာအတွင်း လွန်ခဲ့သော (၃)ရက်ခန့်က ဖျက်ဆီးခဲ့သည်ဟု  ယူဆရသော ဝါးတန်းလျား အဆောက်အဦပျက်အတွင်းမှ နီညိုရောင် စိတ်ကြွရူးသွပ် ဆေးပြား (၃၅)ဂရမ်ခန့်နှင့် လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြားမှုန့် (၂၄၅) ဂရမ်ခန့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

နေရာ(၃)ခုမှ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြား(၇၅၀)ပြား၊ စိတ်ကြွရူးသွပ် ဆေးမှုန့်(၄၉၀)ဂရမ်ခန့်နှင့် ဆက်စပ်ပစ္စည်းများအား ဖေဖော်ဝါရီ(၂၆) ရက်နေ့ ည(၇)နာရီက မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သိမ်းဆည်းရမိသောနေအိမ်မှ အားခေါ်နှင့် မီးချူးတို့အား မိုင်းတွမ်း နယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၁၆(ခ)ဖြင့်လည်းကောင်း၊ မိရိုးအား မယ(ပ)၈/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/ ၁၆(ခ)ဖြင့်လည်းကောင်း၊ ဝါးတန်းလျားပျက်အတွင်း ဆက်စပ် ပစ္စည်းနှင့် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုအား မယ(ပ)၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၁၆(ခ) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူဆောင် ရွက်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။

Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~