ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မူးယစ်ဆေးနှင့် မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ဖေဖော်ဝါရီ 22, 2020
By 🌸

ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မူးယစ်ဆေးနှင့် မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း လွန်ခန်ကျေးရွာအနီးတောစပ်၌ အဆောက်အဦတစ်ခု အတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီးရှိ တောစပ်တွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နေ့လယ် (၁)နာရီအချိန်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆောက်အဦတစ်ခုကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား (၃၄,၅၀၀) ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် (၃.၅) ကီလို၊ ကဖင်းအလေးချိန် (၉) ကီလိုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေးထုတ်သည့် ဆက်စပ်ပစ္စည်းများကို မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၅၉)ကွတ်ခိုင်သို့ လွှဲပြောင်းပေးထားပြီး ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~