မိုင်းဆတ် - တာချီလိတ် လမ်းပိုင်း လွိုင်ဆမ်ဆုံအဆင်းတွင် ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်၍ တောင်ကမ်းပါးကို ဝင်တိုက်မိရာမှ (၃)ဦး ဒဏ်ရာရ

မိုင်းဆတ် - တာချီလိတ် လမ်းပိုင်း လွိုင်ဆမ်ဆုံအဆင်းတွင် ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်၍ တောင်ကမ်းပါးကို ဝင်တိုက်မိရာမှ (၃)ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
မိုင်းဆတ် - တာချီလိတ် လမ်းပိုင်း လွိုင်ဆမ်ဆုံအဆင်းတွင် ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်၍ တောင်ကမ်းပါးကို ဝင်တိုက်မိရာမှ (၃)ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် -  တာချီလိတ်သွားလမ်း မိုင်းဆတ်ခရိုင်အတွင်းဖြစ်သည့် လွိုင်ဆမ်ဆုံတောင်အဆင်းတွင် ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ တောင်ကမ်းပါးအား ဝင်တိုက်မိရာမှ ယာဉ်မောင်း အပါအဝင် (၃)ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

တာချီလိတ် မှ မိုင်းဆတ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းဖြစ်သည့် ဒို့ညီနောင် ယာဉ်လိုင်းသည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ည(၉)နာရီခွဲ ဝန်းကျင်အချိန်က တာချီလိတ်မှ မိုင်းဆတ်သို့ မောင်းလာစဉ် မိုင်တိုင် အမှတ် (၁၃/၆) နှင့် (၁၃/၇)အကြား လွိုင်ဆမ်ဆုံတောင် အဆင်းတွင် အရှိန်မထိန်းနိုင်တော့ဘဲ တောင်ကမ်းပါးအား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ထွန်းဝင်းဦး ဆိုသူမှာ နဖူးပေါက်ပြဲဒဏ်ရာ ရရှိပြီး ပေါင်ဖူးရောင်ဒဏ်ရရှိကြောင်း နှင့် မစိုးရိမ်ရကြောင်း သိရသည်။

ယင်းအပြင် ယာဉ်တွင် လိုက်ပါလာသည့် ဒေါ်လွင်ကေခိုင်မြင့်သည် မျက်ခုံးပေါက်ပြဲဒဏ်ရာရရှိကာ ပါးပြင် နှင့်  လက်တို့မှ ပွန်းပဲ့ဒဏ်ရာရရှိပြီး ရင်ဘတ်အောင့် သည့် ဒဏ်ရာများရရှိကာ စိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တွင် လိုက်ပါလာသည့် နောက်ထပ်တစ်ဦးဖြစ်သည့် အောင်သူ ဆိုသူမှာလည်း ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိပြီး သတိမရဘဲ  ဖြစ်နေကာ စိုးရိမ်ရ၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အသက်(၃၂)နှစ်ရှိ ထွန်းဝင်းဦး ဆိုသူအား မိုင်းဆတ် မြို့မရဲစခန်းတွင် (ပ) ၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၊ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  သန်းဇော်(မိုင်းဆတ်)
 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~