ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုထိခိုက်နေ၍ အထူးဒေသ (၄)မှ စီးပွားရေးလုပ်ငန်းများကို အခွန်လျှော့ပေးမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုထိခိုက်နေ၍ အထူးဒေသ (၄)မှ စီးပွားရေးလုပ်ငန်းများကို အခွန်လျှော့ပေးမည်
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုထိခိုက်နေ၍ အထူးဒေသ (၄)မှ စီးပွားရေးလုပ်ငန်းများကို အခွန်လျှော့ပေးမည်

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် COVID 19 (နိုဝယ်ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ရောဂါကြောင့် ကုန်သွယ်မှု လုပ်ငန်းများ ထိခိုက်နေသည့် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များကို အခွန်နှုန်းထား လျှော့ပေါ့မည်ဖြစ်ကြောင်း သိရသည်။

အထူးဒေသ (၄) အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များအား ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ (၂၉)ရက်နေ့အထိကာလကို အခွန်လုံးဝပလပ်ပေးမည်ဖြစ်ပြီး မတ်လ (၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိကာလကို အခွန်ထက်ဝက်လျှော့၍ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ (၁) ရက်နေ့ နောက်ပိုင်းတွင် COVID 19 ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်၍ အခွန်နှုန်းထား ထပ်မံညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း အထူးဒေသ (၄) ၏ စီးပွားရေးကော်မတီက ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့၌ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

COVID 19 (နိုဝယ်ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ရောဂါ အခြေအနေမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ည(၉)နာရီအထိတွင် နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်နေပြီး ကူးစက်လူနာ စုစုပေါင်းမှာ (၆၄၄၅၇)ဦး ရှိရာ သက်သာပျောက်ကင်း ဆေးရုံဆင်းသွားကြသူများမှာ (၇၁၆၆)ဦး ရှိသော်လည်း သေဆုံးသည့် အရေအတွက်မှာ (၁၃၈၄)ဦး ရှိလာကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~