ကိုရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ တံတား(၁)တွင် ဆက်လက်စစ်ဆေးနေ

ကိုရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ တံတား(၁)တွင် ဆက်လက်စစ်ဆေးနေ
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာချီလိတ်ရှိ တံတား(၁)တွင် ဆက်လက်စစ်ဆေးနေ

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဝင်ရောက်လာသူ အားလုံးကို ကိုရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ဆောင်ရွက်နေလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေမှာ  ဖေဖော်ဝါရီလ(၉)ရက်နေ့ ညနေ(၃)နာရီအချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး (၃၇,၅၈၀)ဦးမှာ ကူးစက်ခံနေရသူဖြစ်ပြီး သေဆုံးသူမှာလည်း (၈၁၃)ဦးအထိ ရှိလာနေသည် ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
v

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~