ကိုရိုနာဗိုင်းရပ်စ် ကို မြန်မာနိုင်ငံတွင် ဓါတ်ခွဲစစ်ဆေးတော့မည်

ကိုရိုနာဗိုင်းရပ်စ် ကို မြန်မာနိုင်ငံတွင် ဓါတ်ခွဲစစ်ဆေးတော့မည်
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကို မြန်မာနိုင်ငံတွင် ဓါတ်ခွဲစစ်ဆေးတော့မည်

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ဓါတ်ခွဲစစ်ဆေးခြင်းကို မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်အသစ် COVID 19 အား လက်ရှိအချိန်ထိ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ၏ ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့စစ်နေချိန်တွင် မြန်မာနိုင်ငံရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) က ထိုင်းနှင့် ဂျပန်နိုင်ငံတို့ထံမှ လိုအပ်သည့်ဓါတ်ခွဲပစ္စည်းများရယူပြီး စစ်ဆေးခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရသဖြင့် မြန်မာနိုင်ငံတွင် ကိုယ်တိုင်ဓါတ်ခွဲစမ်းသပ်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့မှစတင်၍ ကမ္ဘာကျန်းမာရေးအဖွဲ့အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန (National Influenza Center)” အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေးဗိုင်းရပ်(စ်)ပိုးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို ဓာတ်ခွဲစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) အတွက် လိုအပ်သည့် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက်ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~