အပိုဝင်ရိုးထပ်တိုး ကုန်တင်ယာဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊တံတားများတွင် ဖြတ်သန်းခွင့် ကန့်သတ်

အပိုဝင်ရိုးထပ်တိုး ကုန်တင်ယာဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊တံတားများတွင် ဖြတ်သန်းခွင့် ကန့်သတ်
ဖေဖော်ဝါရီ 21, 2020
By Tachileik News Agency
အပိုဝင်ရိုးထပ်တိုး ကုန်တင်ယာဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊တံတားများတွင် ဖြတ်သန်းခွင့် ကန့်သတ်

ကုန်တင်ယာဉ်များတွင် ကုန်တန်ချိန် ပိုမိုတင်ဆောင်နိုင်ရေးအတွက် အပိုဝင်ရိုး (၁) တန်းတိုးပြီး ယာဉ်ပုံစံ ပြောင်းလဲထားသည့် ကုန်တင်ယာဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊တံတားများတွင် ဖြတ်သန်းခွင့် တားမြစ်ခြင်းကို ပညာပေးကာလသတ်မှတ်ကာ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်ယူဆတာက Lift Axel (အပိုဝင်ရိုးတန်း) တွေက တိုးဂိတ်ရောက်ခါနီး ချလိုက်တယ်။ သူက သတ်မှတ် Axel (ဝင်ရိုး) မပြည့်မီတာကို ပြည့်မီအောင်လုပ်တဲ့သဘော သက်ရောက်နေတာပေါ့။ လမ်းပေါ်ကို သွားတဲ့အချိန်မှာ Lift ပြန်မထားလိုက်တယ်။ ဝင်ရိုးတန်းတစ်တန်းရဲ့ ဟိုဘက်ဘီး၊ ဒီဘက်ဘီးရဲ့ သက်ရောက်မှုက လျော့သွားတာပေါ့။ အခြားဘီးတွေရဲ့သက်ရောက်မှုက ပိုများသွားတာပေါ့။ ကျွန်တော်တို့က ဘယ်ဝင်ရိုးဆိုရင် တန်ဘယ်လောက်ဆိုတာ သတ်မှတ်ထားတယ်။ အခုဟာက ဝင်ရိုးနည်းပြီးတော့ ဝိတ်များနေတာမျိုး ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ပြန်ပြီးကန့်သတ်တယ်လို့ ယူဆပါတယ်

ဟု တောင်ကြီးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့တွင် ပြောသည်။

ကုန်တင်ယာဉ်များအနေဖြင့် တန်ချိန်ပိုမိုတင်ဆောင်ရရှိရေးအတွက် (၆) ဘီးခေါင်းတွဲ (၁၈) ဘီးယာဉ်အား အပိုဝင်ရိုး (၁) တန်းတိုးပြီး (၂၂) ဘီးယာဉ်အဖြစ်လည်းကောင်း၊ (၁၀) ဘီးခေါင်းတွဲ (၂၂) ဘီးယာဉ်ကို အပိုဝင်ရိုး (၁) တန်းတိုးပြီး (၂၆) ဘီးယာဉ်အဖြစ်လည်းကောင်း ယာဉ်ပုံစံပြောင်းလဲ၍ ဖြတ်သန်း သွားလာနေမှုများကို စိစစ်တွေ့ရှိရသဖြင့် ပုံစံပြောင်းလဲထားသောယာဉ်များအား ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်း၊ တံတားများတွင် ဖြတ်သန်းခွင့်မပြုကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

ကုန်တန်ချိန်ထပ်တိုးတင်နိုင်ရန်အတွက် ဝင်ရိုးတန်းပြည့်စေရန် ထပ်တိုးထားသည့် Lift Axle တန်းအား ဝန်ထမ်း Axel အဖြစ် သတ်မှတ်ခြင်းမပြုသဖြင့် လမ်း၊တံတားဖြတ်သန်းခွင့်ကို တားမြစ်ကြောင်း ပညာပေးကာတွင် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာပေးကာလကျော်လွန်ပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများထံတင်ပြကာ သက်ဆိုင်သည့်ဌာနများနှင့်ပူးပေါင်းပြီး အပိုဝင်ရိုးတန်းထပ်ဖြည့်ယာဉ်များ ဖြတ်သန်းခွင့်မပြုရေး သက်ဆိုင်ရာ BOT ကုမ္ပဏီများကို အကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~