မြန်မာနိုင်ငံမှ သံသယနှင့် စောင့်ကြည့်လူနာ (၂၁)ဦးအနက် (၁၃)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး ကျန်လူနာ (၈)ဦး၏ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ

မြန်မာနိုင်ငံမှ သံသယနှင့် စောင့်ကြည့်လူနာ (၂၁)ဦးအနက် (၁၃)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး ကျန်လူနာ (၈)ဦး၏ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency
မြန်မာနိုင်ငံမှ သံသယနှင့် စောင့်ကြည့်လူနာ (၂၁)ဦးအနက် (၁၃)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး ကျန်လူနာ (၈)ဦး၏ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ

မြန်မာနိုင်ငံက WHO ရည်ညွှန်းဓါတ်ခွဲခန်းသို့ ဓါတ်ခွဲနမူနာ ပို့စစ်ထားသည့် လူနာ (၂၁) ဦးအနက် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိလာသည့် လူနာ (၁၃) ဦး၌ ဗိုင်းရပ်စ်မတွေ့ရကြောင်း သိရပြီး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေဆဲလူနာ (၈)ဦးကျန်ရှိကြောင်း သိရသည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်) မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိသည့် လူနာ (၁၃)ဦးတွင် စင်္ကာပူနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့် အနီးကပ်ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာ၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်နေသည့် လူနာအမျိုးသမီးလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ည(၈)နာရီအချိန်ထိ ဆေးရုံအသီးသီးတွင် သံသယနှင့် စောင့်ကြည့်လူနာ (၂၁) ဦးရှိသည့်အနက်  တောင်ကြီးစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ (၁၉) နှစ် အရွယ် အမျိုးသားတစ်ဦး၊ ပုတီးကုန်းတိုက်နယ်ဆေးရုံမှ (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံမှ (၁၈) နှစ် အမျိုးသမီးတစ်ဦး၊ မကွေးပြည်သူ့ဆေးရုံကြီးမှ (၄၅) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ (၅၃) နှစ် အရွယ် အမျိုးသားတစ်ဦး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ (၂၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး (စင်္ကာပူနိုင်ငံမှပြန်လာသူ)၊ မောင်တောပြည်သူ့ဆေးရုံမှ (၂၁) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပေါက်မြို့နယ်ဆေးရုံမှ (၃၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ မောက်မယ်မြို့နယ်ဆေးရုံမှ (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊ မောက်မယ်မြို့နယ်ဆေးရုံမှ (၄၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း ဓါတ်ခွဲအဖြေရရှိလာခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကူးစက်မြန်သည့် COVID 19 (ကိုရိုနာဗိုင်းရပ်စ်)သည် နိုင်ငံပေါင်း(၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နေ့လည်(၁၂)နာရီ အချိန်အထိ ကူးစက်မှု စုစုပေါင်းမှာ (၆၇,၀၈၈)ဦး ရှိပြီး သေဆုံးသူမှာ (၁,၅၂၆)ဦး ရှိလာကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~