ကြန့်ကြာနေတဲ့ လောင်းကစား နည်းဥပဒေ နဲ့ တရားဝင် ဖွင့်ခွင့် ရချင်နေတဲ့ တာချီလိတ် ကာစီနို

ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency

ကြန့်ကြာနေတဲ့ လောင်းကစား နည်းဥပဒေ နဲ့ တရားဝင် ဖွင့်ခွင့် ရချင်နေတဲ့ တာချီလိတ် ကာစီနို 

မြန်မာ - လာအို - ထိုင်း နယ်စပ်ဒေသဖြစ်တဲ့  တာချီလိတ်မြို့က ဟိုတယ်တွေမှာ ကာစီနိုရုံတွေ တရားဝင် ဖွင့်လှစ်ခွင့် ရရှိဖို့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေ ကြိုးစားနေကြပါတယ်။

လောင်းကစားဥပဒေသစ်ကို အတည်ပြုပြဌာန်းလိုက်ပေမယ့် နည်းဥပဒေ မထွက်တဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေဟာ ကာစီနိုတွေကို တရားဝင်ဖွင့်လှစ်ခွင့်ရရှိဖို့အတွက် အခက်အခဲတွေ့ကြုံနေရတာ ဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)နဲ့လုပ်ကိုင်နေတဲ့ဟိုတယ် (၃) လုံးမှာ ကာစီနိုတွေကို  ခွင့်ပြုပေးထားကြောင်း ရွှေတြိဂံဇုန်ဟိုတယ်အသင်းရဲ့ နာယက ဦးစိုးရွှေက ပြောပါတယ်။

လောင်းကစားဥပဒေသစ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်ပေမယ့် နည်းဥပဒေမထွက်တဲ့အတွက် နည်းဥပဒေ မထွက်ရှိသေးတဲ့  ကာလအတွင်း တာချီလိတ်က အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေကို အလုပ်ပြန်လည်ပေးနိုင်ရေးအတွက် တာချီလိတ်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တောင်းခံဖို့ အစီအစဉ်ရှိတွေရှိတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့တွင်းမှာ ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်းခုံတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကစပြီး ဖမ်းစီးတာတွေ ဟိုတယ်တွေမှာ လောင်းကစား လုပ်ငန်းလုပ်ကိုင်မှု ရှိ၊ မရှိ စစ်ဆေးတာတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့တဲ့အတွက် ဟိုတယ်ဝန်ထမ်းပေါင်း (၇၀၀၀) ကျော်လောက် အလုပ်လက်မဲ့ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် အဲ့ဒီ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တာချီလိတ်မြို့ကဟိုတယ်လုပ်ငန်းရှင်တွေ၊ မြို့မိ၊ မြို့ဖတွေနဲ့ ဥပဒေပညာရှင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~