တရုတ်သုတေသနရေယာဉ် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

တရုတ်သုတေသနရေယာဉ် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
တရုတ်သုတေသနရေယာဉ် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသန ဆောင်ရွက်မည့် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာကြောင်း သိရသည်။

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့  ညနေ (၄) နာရီ မိနစ်(၂၀) အချိန်တွင် ဆိုက်ရောက်လာသည့် တရုတ်သုတေသနရေယာဉ်မှ သင်္ဘောသားနှင့် သုတေသီ စုစုပေါင်း (၅၉)ဦးအား ကျန်းမာရေးစစ်ဆေးခြင်းကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာနခွဲနှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သည့်အဖွဲ့က အဆိုပါရေယာဉ်ပေါ်သို့တက်ရောက်၍ စစ်ဆေးထားကြောင်း သိရသည်။

သင်္ဘောသား နှင့် သုတေသီ (၅၉) ဦးအား တစ်ဦးချင်း အဖျားစစ်ဆေးခြင်း၊ သင်္ဘောပေါ်ရှိ နေ့စဉ် အဖျားတိုင်းတာမှု မှတ်တမ်းအား စစ်ဆေးခြင်း၊ Health Declaration Card များ စစ်ဆေးခြင်း၊ သင်္ဘောပေါ်ရှိ အစားအသောက်နှင့် သန့်ရှင်းမှုအခြေအနေအား စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့ရာ အဖျားလူနာ မတွေ့ရကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် မော်ဒိုက်နိုင်ငံ၊ မာလီမြို့မှ ဇန်နဝါရီလ (၂၁) ရက်နေ့က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး Coronavirus Disease 2019 (COVID-19) ရောဂါပျိုးရက်ထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းကပ်ခွင့်အား ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညနေ (၆း၀၀) နာရီအချိန်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~