ကျိုင်းတုံမြို့ လွိုင်မွေလမ်း နှင့် ဝေါ်ဟေးလမ်းဆုံ အဆင့်မြှင့်တင်ရေးအတွက် လမ်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ဗေဓိညောင်ပင်ကို တိုင်းနေသုဿန်သို့ ပြောင်းရွှေ့

ကျိုင်းတုံမြို့ လွိုင်မွေလမ်း နှင့် ဝေါ်ဟေးလမ်းဆုံ အဆင့်မြှင့်တင်ရေးအတွက် လမ်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ဗေဓိညောင်ပင်ကို တိုင်းနေသုဿန်သို့ ပြောင်းရွှေ့
ဖေဖော်ဝါရီ 22, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ လွိုင်မွေလမ်း နှင့် ဝေါ်ဟေးလမ်းဆုံ အဆင့်မြှင့်တင်ရေးအတွက် လမ်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ဗေဓိညောင်ပင်ကို တိုင်းနေသုဿန်သို့ ပြောင်းရွှေ့ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွိုင်မွေလမ်းနှင့် ဝေါ်ဟေးလမ်းဆုံ အဆင့်မြှင့်တင်ရေးအတွက် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် နှစ်ရှည်ဗေဓိညောင်ပင်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က တိုင်းနေသုဿန်သို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မနက် (၈) နာရီကနေစတာ ညနေ (၅) နာရီလောက်မှပြီးတယ်။ တိုင်းနေသုဿန်ကို ပြောင်းရွှေစိုက်လိုက်တယ်။ ဆရာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဖတ်ပြီးဆောင်ရွက်ခဲ့တာပေါ့။ သစ်ပင်ကြီးက ရွှေ့ဖို့မလွယ်ဘူးလေ။ ဗောဓိညောင်ပင်ဖြစ်နေတာရယ်၊ စိမ်းလမ်းစိုပြေရေးအတွက်ရှေးရှုပြီး ရွှေ့စိုက်လိုက်တာ

ဟု ကျိုင်းမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နှစ်ရှည် ဗေဓိညောင်ပင် ရွှေ့ပြောင်းရေးအတွက် နံနက်ခင်းတွင် မြို့ပေါ်ရှိ ကျောင်းတိုက် (၈) တိုက်မှ ဆရာတော်ကြီးများအား ပင့်ဖိတ်ပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ကြပြီး ကျိုင်းတုံရေတံခွန်မှ ထိုင်းပညာရှင်အဖွဲ့၊ နောင်တုံကုမ္ပဏီနှင့် စည်ပင်သာယာရေးဌာနမှ ယန္တရားနှင့်ဝန်ထမ်းအင်အားများ၊ မီးသတ်နှင့် ဆက်သွယ်ရေးဌာနဝန်ထမ်းများဖြင့် တိုင်းနေသုဿန်သို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။     

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျိုင်းတုံ စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~