dfcsgdegသိမ်းဆည်းရမိသည့် လက်လုပ်လေထိုးသေနတ်များကို ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီး

dfcsgdegသိမ်းဆည်းရမိသည့် လက်လုပ်လေထိုးသေနတ်များကို ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency

သိမ်းဆည်းရမိသည့် လက်လုပ်လေထိုးသေနတ်များကို ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အဖြစ်   မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း မံစီမြို့တွင် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လက်လုပ်လေထိုးသေနတ်များကို မီးရှို့ဖျက်ဆီးမှုအဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဌာနပိုင် အမှိုက်ကျင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများအတွင်းမှ သိမ်းဆည်းရမိသည့် လက်လုပ်လေထိုးတံသေနတ်စုစုပေါင်း (၁၅၆)လက်ကို မံစီ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။
 
ထို့အတူပင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ကလည်း မံစီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ လက်လုပ်လေထိုးတံသေနတ် (၃၄)လက်ကိုလည်း လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း လက်လုပ် လေထိုးသံသေနတ်များကို ပိုးသတ်ဆေးဖြန်းပုံးတွင် အသုံးပြုသည့် ပိုက်ချောင်း နှင့် လေထိုးသံတို့ဖြင့် ပြုလုပ်ပြီး စက်ဘီးနောက်ဝင်ရိုးအတွင်း အသုံးပြုသည့် သံဘောသီးလုံးဖြင့် ပစ်ခတ်ကြောင်း နှင့် ကလေးများပါ ပြုလုပ်ကိုင်ဆောင်သည်များရှိကြောင်း မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံက သိရသည်။
Tachileik News Agency
ဓါတ်ပုံ - မံစီ ပြန်/ဆက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~