ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါ သံသယရှိသူ ၄ ဦး စတင်တွေ့ရှိ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါ သံသယရှိသူ ၄ ဦး စတင်တွေ့ရှိ
ဇန်နဝါရီ 8, 2020
By 🌸

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါ သံသယရှိသူ ၄ ဦး စတင်တွေ့ရှိ

တရုတ်နိုင်ငံ ဝူဟန်ဒေသမှ လာသည့် ခရီးသည်များကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် ကူးစက်ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့က ဝူဟန်မှလာသည့် ခရီးသည်(၄)ဦး၌ ရောဂါကူးစက်ခံရသည့် သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိရသဖြင့် အထူးကြပ်မတ်ဆောင်ဖြင့် သီးသန့်စောင့်ကြည့်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသား (၃)ဦးနှင့် (၃)နှစ်အရွယ် တရုတ်နိုင်ငံသား ကလေးငယ်တစ်ဦးတို့တွင် ဝူဟန်တွင် ဖြစ်ပွားနေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါကူးစက်ခံထားရသည်ဟု သံသယဖြစ်ဖွယ်တွေ့ခဲ့ရသဖြင့် ဓါတ်ခွဲစစ်ဆေးမှုအဆင့်ဆင့် ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစပြီး ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေရာ လက်ရှိတွင် ရောဂါကူးစက်ခံရသူ (၅၉) ဦးအထိရှိနေပြီး ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ရှိနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း လူဦးရေထူထပ်လှသည့် ဝူဟန်မြို့ရှိ ပင်လယ်စာလုပ်ငန်းများမှ အဆိုပါရောဂါစတင်ဖြစ်ပွားသည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူများက ယုံကြည်ထားကြသည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များက Sars အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့စဉ်ကလည်း ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် တကမ္ဘာလုံးမှ သေဆုံးသူအရေအတွက်ထက် (၇၀၀)ဦးပိုခဲ့သဖြင့် လူထုကြားတွင် စိုးရိမ်မှုများလည်း ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ဝူဟန်ဒေသမှ အဆုတ်ရောင်ရောဂါဖြစ်ပွားမှုအရေအတွက်မှာ မြင့်တက်နေပြီး ဒေသတွင်းမှ နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်နိုင်ငံခရီးစဉ်မှ ဝင်ရောက်လာသည့် ခရီးသည်များကို ကူးစက်ရောဂါစစ်ဆေးမှုများ လုပ်ဆောင်နေကြပြီဖြစ်သည်။

Tachileik News Agency
Source: Bangkok Post

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~