မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်ဖွယ်ရှိ

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်ဖွယ်ရှိ
ဇန်နဝါရီ 22, 2020
By 🌸

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်ဖွယ်ရှိ

မြန်မာအပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်မည့်စာရင်းတွင် ထည့်သွင်းသွားဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အီရန်၊ လစ်ဗျား၊ ဆိုမာလီးယား၊ ဆီးရီးယားနှင့် ယီမင်၊ ဗင်နီဇွဲလား၊ မြောက်ကိုးရီးယားနိုင်ငံတို့အား ပထမဆုံး ပြည်ဝင်ခွင့် ကန့်သတ်ခဲ့ပြီးနောက် နောက်ထပ်နိုင်ငံများ ထပ်တိုးထည့်သွင်းရန် စီစဉ်နေသည်ဟု အမေရိကန် သမ္မတက Wall Street Journal အား အတည်ပြုပြောကြားထားခြင်းဖြစ်သည်။

ပြည်ဝင်ခွင့်ကန့်သတ်စာရင်းတွင် မြန်မာ၊ ဘယ်လာရု၊ အီရစ်တြီးယား၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယား၊ ဆူဒန်နှင့် တန်ဇေးနီးယားနိုင်ငံတို့ ပါဝင်လာဖွယ်ရှိပြီး အဆိုပါနိုင်ငံများမှ ပြည်ဝင်ခွင့်များကို လုံးဝပိတ်ပင်ခြင်းမဟုတ်ဘဲ စိစစ်မှုများ တင်းကြပ်စွာလုပ်ဆောင်သွားဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသော်လည်း သမ္မတက ထပ်တိုးမည့်နိုင်ငံများစာရင်းကို ထုတ်ဖေါ်ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။
Tachileik News Agency
Source: Daily Beast၊ Politico
Photo: Phyo Cho Cho Lin

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~