တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတား(၂)မှ မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတား(၂)မှ မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်
ဇန်နဝါရီ 21, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတား(၂)မှ  မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ ဇန်နဝါရီလ(၂၂)ရက်နေ့  နံနက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ မြို့ပြင် ကျေးရွာများအထိ ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်း အချိန်(၃)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့  ပါဆတ်ဘုန်းကြီးကျောင်းရှေ့မှ ဟောင်လိတ်မီးပွိုင့်အနီးအထိ မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ မြို့ပြင် မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်သည်။

"ချစ်ကြည်ရေး တံတား (၂)ကနေ မြို့ပြင် မိုင်းဖုန်း နဲ့ မိုင်းကိုးအထိ ပျက်မှာ မြို့တွင်းပိုင်းကတော့ 1G1 Hotel နဲ့ J My King Hotel တစ်ဝိုက်အထိ ခဏတော့ ပျက်မယ်၊"

ဟု တာချီလိတ်မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်းမှ မြို့ပြင် မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေခြင်း ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ တာလေ နှင့် ကျိုင်းလပ်မြို့တို့မှာ လာအိုနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေရခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~