တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေမှ မြေယာလျော်ကြေးယူရန် ၂၁ ဦးကျန်ရှိ

တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေမှ မြေယာလျော်ကြေးယူရန် ၂၁ ဦးကျန်ရှိ
ဇန်နဝါရီ 22, 2020
By 🌸

တာချီလိတ်မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမြေမှ မြေယာလျော်ကြေးယူရန် ၂၁ ဦးကျန်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းအတွက် (၆)ကြိမ်မြောက် လျော်ကြေး ပေးအပ်ပွဲအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် မြေပိုင်ရှင် (၇)ဦးအတွက် လျော်ကြေးငွေ ကျပ်သိန်း (၃၈၀)ကျော် ပေးအပ်ထားပြီး လျော်ကြေးယူရန် မြေပိုင်ရှင် (၂၁)ဦးကျန်နေကြောင်း သိရသည်။

"မြို့ရှောင်လမ်းထဲမှာ လျော်ကြေးပေးရမယ့် တောင်သူ(မြေပိုင်ရှင်) (၁၉၆) ဦးရှိပါတယ်။ အခု ဆဌမအကြိမ်ထိ စုစုပေါင်း (၁၇၅) ဦးပေးအပ်ပြီးဖြစ်ပါတယ်။ ကျန်တဲ့တောင်သူက (၂၁) ဦးကျန်သေးတယ်။ ဒီနေ့သဘောတူတဲ့တောင်သူ (၂) ဦးရှိပါတယ်။ သူတို့ကိုလည်းထပ်ပြီး ပေးအပ်ဖို့ ရှိပါတယ်။ ကျန်တဲ့တောင်သူတွေကို ဒီနေ့တွေ့ဆုံပွဲမှာ ဖိတ်ကြားလိုက်တော့ (၁၂) ဦးက သူတို့အခက်အခဲတွေကို တင်ပြလာတယ်။ ဒါတွေကို ဒီတစ်ပတ်ထဲမှာပဲ မြေစာရင်းတို့၊ လမ်းဦးစီးတို့နဲ့ ကွင်းဆင်းတိုင်းတာပြီးတော့ လျော်ကြေးငွေယူနိုင်ရေး ပြေလည်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

ဟု တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာလျော်ကြေးယူရမည့်မြေယာပိုင်ရှင်များအား လျော်ကြေးငွေပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို မြို့နယ်၊ ခရိုင်စုပေါင်းရုံး၌ ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ သက်ဆိုင်ရာ ဌာနများမှာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် မြေယာလျော်ကြေးရရှိမည့် မြေပိုင်ရှင်များ တက်ရောက်ကြသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားထိပ်မှ ဦးထွန်းအောင်ဂိတ်အထိ (၄) မိုင်အရှည်ဖောက်လုပ်မည်ဖြစ်ပြီး အဆိုပါလမ်းအတွက် မြေယာလျော်ကြေးများကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၆) ရက်နေ့တွင် မြေပိုင်ရှင် (၈၁) ဦး၊ သြဂုတ်လ (၁၆) ရက်နေ့တွင် မြေပိုင်ရှင် (၅၇) ဦး၊ စက်တင်ဘာ (၁၂) ရက်နေ့တွင် မြေပိုင်ရှင်  (၂၇) ဦး၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် မြေပိုင်ရှင် (၃) ဦး၊ စက်တင်ဘာ (၂၇) ရက်နေ့တွင် မြေပိုင်ရှင်  (၆) ဦးနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် မြေပိုင်ရှင် (၇) ဦးတို့ကို လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~