အဆင့်မြင့် အစိုးရအရာရှိ ၅၅ ဦးကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေး

အဆင့်မြင့် အစိုးရအရာရှိ ၅၅ ဦးကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေး
ဇန်နဝါရီ 15, 2020
By 🌸

အဆင့်မြင့် အစိုးရအရာရှိ ၅၅ ဦးကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းများအကြောင်းကို အဆင့်မြင့် အစိုးရအရာရှိ (၅၅) ဦးအား နေပြည်တော်တွင် ကျင်းပနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ရှင်းလင်းဆွေးနွေးထားကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကဦးစီးပြီး နေပြည်တော်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့များတွင် ကျင်းပခဲ့သည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် (၁၅)ဦး၊ ညွှန်ကြားရေးမှူးချုပ် (၃၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၅)ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး (၄)ဦးတို့ကို ဖိတ်ကြားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ၊ JMC-U တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် JMC ၏ မဟာဗျူဟာ အမြင်၊ JMC ၏ နည်းပညာအထောက်အကူပြုရုံးအဖွဲ့က လုပ်ငန်းဆောင်ရွက်ချက်များ၊ တာဝန်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်ဆိုင်သော အခြားကိစ္စများကို အစိုးရအရာရှိများအား ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဒုတိယနေ့ ဆက်လက် ကျင်းပပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ငြိမ်း၊ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်၊ (JMC-U) အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~