တာချီလိတ်တွင် ဆေးဝါးအရောင်းဆိုင်များ၌ အိမ်သုံးဆေးနှင့် ထိန်းချုပ်ဆေးများရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

တာချီလိတ်တွင် ဆေးဝါးအရောင်းဆိုင်များ၌ အိမ်သုံးဆေးနှင့် ထိန်းချုပ်ဆေးများရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
ဇန်နဝါရီ 19, 2020
By 🌸

တာချီလိတ်တွင် ဆေးဝါးအရောင်းဆိုင်များ၌ အိမ်သုံးဆေးနှင့် ထိန်းချုပ်ဆေးများရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးဝါးအရောင်းဆိုင်များတွင် အိမ်သုံးဆေးနှင့် ထိန်းချုပ်ဆေးဝါးများ ရောင်းချမှုအခြေအနေကို ကျန်းမာရေးဦးစီးဌာနဦးဆောင်သည့်အဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းဆောင်ရွက်သည်။

“ပါရာစီတမောတို့၊ ဆိုဒါမစ်တို့ စသဖြင့်ပေါ့ ဘယ်လိုဟာတွေက အိမ်သုံးဆေးတွေဖြစ်တယ်။ ဘယ်ဟာတွေကတော့ ဆရာဝန်ညွှန်ကြားချက်ပါမှ ရောင်းချရမယ်ဆိုတာတွေကို အသိပညာပေးလည်းလုပ်ရင်း စစ်ဆေးတာပေါ့။ အဓိကကတော့ အန္တရာယ်မဖြစ်စေဖို့ပေါ့။ နောက် သက်တမ်းလွန်ဆေးတွေ ရှိ၊မရှိ FDA ထောက်ခံချက်ရှိတဲ့ဆေးတွေ ဟုတ်၊မဟုတ် စစ်ဆေးတာပေါ့” ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA )၊ စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တာချီလိတ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များကို ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း ဆေးဝါးအရောင်းဆိုင်များ၏ လိုင်စင်သက်တမ်းစစ်ဆေးခြင်း၊ ဆိုင်များတွင် ရောင်းချနေသည့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲရောင်းနိုင်သည့် အိမ်သုံးဆေးဝါးစာရင်း၊ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းချရမည့် ဆေးဝါးများစာရင်းနှင့် ထိန်းချုပ်ဆေးဝါးများစာရင်းတို့ကို မှတ်တမ်းရယူခြင်းများလုပ်ဆောင်ကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - သိန်းရွှေ
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~