အခြေခံပညာကျောင်းများ ပိတ်ရက်လျှော့ခြင်းကို မကွေးပညာရေးကောလိပ်ကျောင်းသားများ ကန့်ကွက်

အခြေခံပညာကျောင်းများ ပိတ်ရက်လျှော့ခြင်းကို မကွေးပညာရေးကောလိပ်ကျောင်းသားများ ကန့်ကွက်
ဇန်နဝါရီ 8, 2020
By 🌸

အခြေခံပညာကျောင်းများ ပိတ်ရက်လျှော့ခြင်းကို မကွေးပညာရေးကောလိပ်ကျောင်းသားများ ကန့်ကွက်

အခြေခံပညာအတန်းအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်တန်း ပြီးဆုံးချိန်တွင် စစ်ဆေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ညွှန်ကြားချက်အား မကွေးပညာရေးကောလိပ် ကျောင်းသူ ကျောင်းသားများက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၌ ကန့်ကွက်လိုက်သည်။

 “မြန်မာနိုင်ငံစာစစ်ဦးစီးဌာန နေပြည်တော်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်စွဲနဲ့ အခြေခံပညာအတန်း အသီးသီးရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်း ပြီးဆုံးတဲ့အချိန်မှာ စစ်ဆေးရမယ်ဆိုတဲ့ ညွှန်ကြားချက် ထုတ်ထားတယ်ခင်ဗျ။ အဲဒီ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး မြန်မာတစ်နိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်ရယ်၊အခြေခံပညာ၊ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီရယ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂ နဲ့ ပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂကိုယ်စားပြုကော်မတီတွေကနေပြီးတော့ ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တွေထုတ်ခဲ့ကြပါတယ်။ အဲလိုထုတ်ခဲ့ကြပေမဲ့ ဝန်ကြီးဌာနက မျက်ကွယ်ပြုပြီး သူတို့ထုတ်ပြန်ချက်ကို ပြင်ဆင်လို့မရဘူးလို့ပဲ ပြောခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ကန့်ကွက် တဲ့အနေနဲ့ စတေကာကမ်ပိန်းပြုလုပ်တာပါ”

ဟု မကွေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ တွဲဘက် အတွင်းရေးမှူး(၂) ကျော်ဇင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကမ်ပိန်းကို မကွေးပညာရေးကောလိပ်ကျောင်းသား၊ ကျောင်းသူ (၆၀၀)ကျော်တို့က ပညာရေးကောလိပ်ကျောင်းဝင်းအတွင်း လုပ်ဆောင်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~