တာချီလိတ်တွင် စိတ်ကြွဆေးပြားများကို မော်တော်ယာဉ်ဝမ်းဗိုက်၌ တိပ်ဖြင့်ကပ်၍ သယ်လာသည့် အမျိုးသားတစ်ဦး ဖမ်းမိ

တာချီလိတ်တွင် စိတ်ကြွဆေးပြားများကို မော်တော်ယာဉ်ဝမ်းဗိုက်၌ တိပ်ဖြင့်ကပ်၍ သယ်လာသည့် အမျိုးသားတစ်ဦး ဖမ်းမိ
ဇန်နဝါရီ 21, 2020
By 🌸

တာချီလိတ်တွင် စိတ်ကြွဆေးပြားများကို မော်တော်ယာဉ်ဝမ်းဗိုက်၌ တိပ်ဖြင့်ကပ်၍ သယ်လာသည့် အမျိုးသားတစ်ဦး ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မော်တော်ယာဉ်ဝမ်းဗိုက်၌ စိတ်ကြွဆေးပြားများကို တိပ်ဖြင့်ကပ်၍ သယ်လာသည့် အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ ည (၉)နာရီဝန်းကျင်၌ ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့သည် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းနှင့် ရွှေမြေသာယာဈေးလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ပုံလို့လမ်းဘက်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘက်သို့ မေငာ်းနှင်လာသည့် Crown အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ဝမ်းဗိုက်တွင် တိပ်အကြည်များဖြင့် ပတ်ထားသည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀)ပြားကို စစ်ဆေးတွေ့ရသဖြင့် မော်တော်ယာဉ်မောင်းနှင်လာသည့် အားရှင်ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~