တာချီလိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ

တာချီလိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ
ဇန်နဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်တွင် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်အား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂)၊ ၃၂ လမ်းကြားရှိ ထိုင်းနိုင်ငံသား P – kitty (ခ) နိုင်ဝမ်နာ ထောင်ပိုင်ထောင်း (ခ) စိုင်းလုံ၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀) တာချီလိတ်က ဝင်ရောက် ရှာဖွေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား၏ နေအိမ်မှ သြစတေးလျနိုင်ငံထုတ် Glock အမျိုးအစား ၉ မမ ပစ္စတို (၁) လက်၊ ကျည်ကပ်တစ်ခုနှင့် ကျည် (၉) တောင့်၊ တရုတ်နိုင်ငံထုတ် Para အမျိုးအစား ၉ မမ ပစ္စတို (၁) လက်၊ ကျည်ကပ်တစ်ခုနှင့် ကျည် (၈) တောင့်၊ ထိုင်းဘဏ်စာအုပ် (၆) ခု၊ ထိုင်းဘဏ်ကဒ် (၈) ခု၊ စိုင်းလုံအမည်ဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်ရှေ့ရပ်ထားသည့် Crown အမျိုးအစား ခဲရောင်မော်တော်ယာဉ် (၁) စီးနှင့် အစိမ်းရောင်ပြိုင်ကား (၁) စီးတို့ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

တရားမဝင် လက်နက်ကိုင်ဆောင်သည့် ထိုင်းနိုင်ငံသား P – kitty (ခ) နိုင်ဝမ်နာ ထောင်ပိုင်ထောင်း (ခ) စိုင်းလုံအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၈/၂၀၂၀၊ ရှမ်းလက်နက် ၁၂(က)/၁၂(၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~