တာချီလိတ်စည်ပင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်မည်

တာချီလိတ်စည်ပင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်မည်
ဇန်နဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်စည်ပင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ  ဦးစားပေး ဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက် ကျပ်သိန်းပေါင်း (၁၅,၅၅၄) အသုံးပြုပြီး ဆောင်ရွက်မည့် လုပ်ငန်းပေါင်း (၉၀)ကျော်တွင် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ အများဆုံး ပါဝင်ကြောင်း သိရသည်။

"ရပ်ကွက်အလိုက်နဲ့ မြို့ပေါ်မှာဆောင်ရွက်မယ့် လုပ်ငန်းတွေကို စိစစ်ရွေးချယ်တာပါ။ လုပ်ငန်း (၉၀) ကျော် ရွေးချယ်ပြီးတော့ ရေစီး၊ ရေလာကောင်းမွန်ရေး ဦးစားပေးလိုက်တာပေါ့။ စီမံကိန်းအဆိုပြုလွှာတွေ ရွေးချယ်ခဲ့တာပေါ့"

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက လွှတ်တော်ကိုယ်စားလှယ်များ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့က တာချီလိတ်မြို့စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး တာချီလိတ်မြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၉၄) ခုကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက မြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက်အပါအဝင် ဖန်မင်ကျေးရွာအုပ်စုအတွင်း လမ်း၊ တံတားလုပ်ငန်း (၃၆) ခုအတွက် ကျပ်သိန်း (၉၉၁၇.၁)၊ အခြားလုပ်ငန်း (၅၈) ခုအတွက် ကျပ်သိန်း (၅၆၃၆.၉) သိန်းတို့ဖြင့် ဆောင်ရွက်သွားရန် စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~