ထိုင်းနိုင်ငံတွင် (၂)နှစ်အရွယ် ကလေးအပါအဝင် လူ(၃)ဦး သေဆုံးခဲ့ရသည့် ရွှေဆိုင်လုယက်မှုတွင် ကျူးလွန်သူ ကျောင်းဆရာကို ဖမ်းမိထိုင်းနိုင်ငံတွင် (၂)နှစ်အရွယ် ကလေးအပါအဝင် လူ(၃)ဦး သေဆုံးခဲ့ရသည့် ရွှေဆိုင်လုယက်မှုတွင် ကျူးလွန်သူ ကျောင်းဆရာကို ဖမ်းမိ

ဇန်နဝါရီ 22, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် (၂)နှစ်အရွယ် ကလေးအပါအဝင် လူ(၃)ဦး သေဆုံးခဲ့ရသည့် ရွှေဆိုင်လုယက်မှုတွင် ကျူးလွန်သူ ကျောင်းဆရာကို ဖမ်းမိ

ထိုင်းနိုင်ငံ လော့ဘူရီခရိုင်တွင် (၂)နှစ်အရွယ် ကလေးငယ်အပါအဝင် လူ(၃)ဦးသေဆုံးခဲ့ရသည့် ရွှေဆိုင် လုယက်မှုကျူးလွန်သူမှာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သည့် ကျောင်းဆရာတစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလာသည်။

လော့ဘူရီခရိုင်ရှိ ရွှေဆိုင်တွင် ဇန်နဝါရီလ (၉)ရက်နေ့က မျက်နှာဖုံးစွပ်ထားသည့် သေနတ်သမားတစ်ဦးက ဝင်ရောက်လုယက်ရာတွင် အသက်(၂)နှစ်အရွယ် ကလေးငယ်အပါအဝင် လူ(၇)ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ယင်းတို့အနက် (၃)ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အစိုးရကျောင်းဖြစ်သည့် ဝပ်ဖွန်ချိုင်ကျောင်း၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်သည့် အသက် (၃၈)နှစ်အရွယ် ကျောင်းဆရာ Prasittichai Khaokaew သည် ရွှေဆိုင်ကို ပစ်ခတ်လုယက်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြားလာခြင်းဖြစ်ပြီး အသေးစိတ်ကို မီဒီယာသို့ ထုတ်ပြန်ခြင်းမရှိသေးပါ။

ရွှေဆိုင်လုယက်မှုဖြစ်ပွားပြီး နှစ်ရက်အကြာ၌ အဆိုပါ ကျောင်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရည်းစားဖြစ်သူနှင့် စားသောက်ဆိုင်ထိုင်နေသည့်ပုံကို တင်ထားသည်ကို တွေ့ရကြောင်း သတင်းများတွင် ရေးသားဖေါ်ပြလာကြသည်။

အဆိုပါ ကျောင်းဆရာမှာ လက်နက်စုဆောင်းရန် ဝါသနာပါသူတစ်ဦးဖြစ်သော်လည်း ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မည်ကို မယုံကြည်နိုင်ဘဲဖြစ်ရသည်ဟု နီးစပ်သူများထံမှ သိရပြီး ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အလုပ်မှထုတ်ပစ်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

Tachileik News Agency
Ref: Khaosod

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~