တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် (၁၂) လမ်းတွင် မြေကာနံရံတည်ဆောက်ရေး စည်ပင်ဘတ်ဂျက်တွင် နှစ်စဉ်ထည့်သွင်း ဆောင်ရွက်မည်

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် (၁၂) လမ်းတွင် မြေကာနံရံတည်ဆောက်ရေး စည်ပင်ဘတ်ဂျက်တွင် နှစ်စဉ်ထည့်သွင်း ဆောင်ရွက်မည်
ဇန်နဝါရီ 20, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် (၁၂) လမ်းတွင် မြေကာနံရံတည်ဆောက်ရေး စည်ပင်ဘတ်ဂျက်တွင် နှစ်စဉ်ထည့်သွင်း ဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ (၁၂) လမ်းမှာ မြေပြိုမှုကြောင့် လမ်းကျဉ်းလာနေသဖြင့် လမ်းတစ်လျှောက်မြေထိန်းနံရံတည်ဆောက်ခြင်းကို စတင်ဆောင်ရွက်နေပြီး နှစ်စဉ် စည်ပင်သာယာရေးဌာန ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြေတွေပြိုကျပြီး ကားလမ်း တဖြည်းဖြည်းကျဉ်းလာလို့ မြေကာနံရံလုပ်ပြီးတော့ မြေပြန်ဖို့မယ်။ ကားလမ်းကျယ်အောင် ပြန်လုပ်တာပါ။ မြေပြိုကျမှုတွေကြောင့် ကားလမ်းပျက်စီးမှာစိုးလို့ မြေကာနံရံ ကြိုတင်ဆောင်ရွက်တာ။ (မယ်ဆိုင်) ချောင်းအထိ လုပ်သွားမှာပေါ့။ နှစ်စဉ်ဘတ်ဂျက်ထဲမှာ ပေ (၅၀) ပေ(၁၀၀) ထည့်ပြီးလုပ်သွားမှာပါ"

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပြောသည်။

ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ (၁၂) လမ်း မြေထိန်းနံရံတည်ဆောက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စည်ပင်သာယာရေးဘတ်ဂျက်တွင် အမြင့် (၆) ပေနှင့် ပေ (၅၀) အရှည်အထိ တည်ဆောက်ရန် ထည့်သွင်းဆောင်ရွက်ထားရှိပြီး ၂၀၂၀ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အပြီးတည်ဆောက်ရန်စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ်စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~