မြန်မာ - လာအို နယ်စပ်က ကျိုင်းလပ်မှာ ရာဘာတွေကို ကုန်ချောထုတ်နိုင်ရန်အတွက် စက်ရုံတည်ထောင်လိုတွေကို လိုအပ်နေ

ဇန်နဝါရီ 23, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

မြန်မာ - လာအို နယ်စပ်က ကျိုင်းလပ်မှာ ရာဘာတွေကို ကုန်ချောထုတ်နိုင်ရန်အတွက် စက်ရုံတည်ထောင်လိုတွေကို လိုအပ်နေ 

ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-လာအိုနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်ခရိုင်အတွင်းထဲက ကျိုင်းလပ်မြို့မှာ ဒေသထွက်ကုန်ဖြစ်တဲ့ ရာဘာတွေကို ကုန်ကြမ်းအနေနဲ့ တင်ပို့နေရတဲ့အတွက် ဒေသခံတွေက ကုန်ချောထုတ်ပြီး တင်ပို့နိုင်ဖို့မျှော်လင့်နေကြောင်း ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က ပြောပါတယ်။

ကျိုင်းလပ်မြို့မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးအဆင်ပြေ နေတဲ့အတွက်အတွက် စက်ရုံတည်ထောင်လိုသူတွေကို ဖိတ်ခေါ်တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်

မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပေမယ့် နှစ်နိုင်ငံတရားဝင်ဖြတ်သန်းခွင့်မရရှိသေးတဲ့အတွက် ဒေသခံအများစုက နားလည်မှုသဘောနဲ၌ စက်လှေတွေနဲ့ တပိုင်တနိုင်ကုန်သွယ်မှုပြုနေရပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~