ဝူဟန်တွင်ရောက်နေသည့် နိုင်ငံခြားသားများ နေရပ်နိုင်ငံပြန်ရေး စီစဉ်ပေးရန် ခက်ခဲမည်ဟုဆို

ဝူဟန်တွင်ရောက်နေသည့် နိုင်ငံခြားသားများ နေရပ်နိုင်ငံပြန်ရေး စီစဉ်ပေးရန် ခက်ခဲမည်ဟုဆို
ဇန်နဝါရီ 28, 2020
By Tachileik News Agency

ဝူဟန်တွင်ရောက်နေသည့် နိုင်ငံခြားသားများ နေရပ်နိုင်ငံပြန်ရေး စီစဉ်ပေးရန် ခက်ခဲမည်ဟုဆို

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ရောက်နေသည့် နိုင်ငံခြားသားများအား နေရပ်နိုင်ငံပြန်ရေး စီစဉ်ပေးရန် ခက်ခဲမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂7)ရက်နေ့က အထူးရှင်းလင်းပွဲတွင် ပြောကြားကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် အထူးရှင်းလင်းပွဲတွင် ဝူဟန်မြို့နှင့် အခြားဒေသများတွင် လက်ရှိဖြစ်ပွားနေသည့် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ထားမှုကို ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဝူဟန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကို မည်သည့်နိုင်ငံကမှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ခြင်း မရှိသေးကြောင်းနှင့် နိုင်ငံတကာနှင့် လေကြောင်းအဆက်အသွယ် ဖြတ်တောက်ထားသည့် ဝူဟန်မြို့တွင် ရောက်နေသည့် နိုင်ငံခြားသားများအနေဖြင့် အခြားပြည်နယ်များမှတစ်ဆင့် နေရပ်နိုင်ငံပြန်နိုင်ရေးမှာ ခက်ခဲမည်ဟု ရှင်းလင်းပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် မြို့များကို ဝင်ထွက်သွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်သော်လည်း အရေးပေါ်ဌာနများ ထားရှိပေးထားပြီး ပညာသင်ရောက်ရှိနေသူများအတွက်ကိုလည်း တက္ကသိုလ်များ၊ ကျောင်းများတွင် ကျောင်းသားကတ်ရှိသူတိုင်းကို အစားအသောက် ထောက်ပံ့ပေးထားသည်ဟု ရှင်းလင်းသွားကြောင်းသိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~