ဘုရားသုံးဆူတွင် ဖဲဝိုင်းကို ဝင်ဖမ်းရာမှ မူးယစ်ဆေး၊ လုပ်သေနတ်နှင့် လက်နက်ကိရိယာများ ဖမ်းမိ

ဘုရားသုံးဆူတွင် ဖဲဝိုင်းကို ဝင်ဖမ်းရာမှ မူးယစ်ဆေး၊ လုပ်သေနတ်နှင့် လက်နက်ကိရိယာများ ဖမ်းမိ
ဇန်နဝါရီ 20, 2020
By Tachileik News Agency
 ဘုရားသုံးဆူတွင် ဖဲဝိုင်းကို ဝင်ဖမ်းရာမှ မူးယစ်ဆေး၊ လုပ်သေနတ်နှင့် လက်နက်ကိရိယာများ ဖမ်းမိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဖဲလောင်းကစားသည့် အိမ်ကို ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေ (၃)နာရီခွဲတွင် ဝင်ဖမ်းရာ ဖဲကစားနေသည့် အမျိုးသား (၆)ဦးအား မူးယစ်ဆေးဝါးများ နှင့် သေနတ်၊ဓါးလက်နက်များဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ဘုရားသုံးဆူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ရပ်ကွက် (၂) ရှိ နိုင်ထွန်းဇော်ဝင်း (ခ) ထွန်းဇော်ဝင်း (ခ) အမွန်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရဘဲ ဖဲလောင်းကစားနေသည့် အမျိုးသား (၆) ဦးအား ဖဲချပ်၊ ထိုင်းဘတ်ငွေ (၄၀၇) ဘတ်၊ ဓားမြှောင် (၄) ချောင်း၊ WY စိတ်ကြွဆေးပြား (၉) ပြား၊ ICE အမှုန့် (၁) ဂရမ်၊ လုပ်သေနတ် (၁) လက်၊ ပွိုင့်-၂၂ ကျည် (၁) တောင့်၊ ဒူးလေး (၁) လက်၊ သံမြှား (၁) ချောင်း၊ ငှက်ကြီးတောင် ဓား (၃) ချောင်းနှင့် ကတ်ကြေး (၁) ချောင်းတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးအနည်းငယ်၊ လက်နက်ကိရိယာများနှင့်အတူ လောင်းကစားဝိုင်းတွင် ဖမ်းမိသည့် အမျိုးသား (၆)ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -  ပြည်ထဲရေး
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~