ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် ချစ်ကြည်ရေးတံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် တာချီလိတ်ဘက်မှ ဝင်ရောက်လာသူများကို စစ်ဆေးမှု စတင်ဆောင်ရွက်

ဇန်နဝါရီ 28, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် ချစ်ကြည်ရေးတံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် တာချီလိတ်ဘက်မှ ဝင်ရောက်လာသူများကို စစ်ဆေးမှု စတင်ဆောင်ရွက်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် ထိုင်းအဝင်တွင် တာချီလိတ်ဘက်မှ ဝင်လာသူ အားလုံးကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းအား မယ်ဆိုင်ကျန်းမာရေးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များ အားလုံးတွင် ကူးစက်ရောဂါစစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) အတည်ပြုလူနာ (၆)ဦး ထပ်တိုးလာ၍ အတည်ပြုလူနာ စုစုပေါင်း (၁၄)ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားသူများမှာ တရုတ်ခရီးသွားများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ရောဂါစစ်ဆေးတွေ့ရှိသူ (၁၄)ဦးအနက် (၅)ဦးမှာ ရောဂါကုသပျောက်ကင်းသွား၍ ဆေးရုံဆင်းသွားပြီ ဖြစ်ပြီး (၉)ဦးကို အထူးကြပ်မတ်ကုသမှုများ ဆောင်ရွက်နေဆဲဖြစ်သည်။

Tachileik News Agency
photo: Maesai Quarantine 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~