တာချီလိတ်မြို့ မယ်ယန်းတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်စုမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား

တာချီလိတ်မြို့ မယ်ယန်းတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်စုမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား
ဇန်နဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်မြို့ မယ်ယန်းတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်စုမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က နေအိမ်တွင် ဟင်းချက်နေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသား (၄)ဦးက ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။

မယ်ယန်းကျေးရွာတွင်နေထိုင်သည့် အသက် (၄၀)ဝန်းကျင်ရှိ ဒေါ်နန်းခက်မှာ နေအိမ်တွင် ဟင်းချက်နေစဉ် မော်တော်ယာဉ် တစ်စီးဖြင့် အမျိုးသား (၄)ဦးရောက်လာကာ အမျိုးသား(၃)ဦးမှာ ဦးထုပ်များဆောင်းထားကာ ပါးစပ်တွင် နှာခေါင်းစည်းများ စည်းထားပြီး ဒေါ်အီခက်ကို သူဌေးနှင့်တွေ့ရန်ဟု ရှမ်းဘာသာစကားဖြင့် ပြောဆိုကာ ကားပေါ်တင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရကြောင်းသတင်းအရ ရဲတပ်ဖွဲ့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~