မြန်မာနိုင်ငံသားများဘဏ်ရဲ့ (၄၆) ခုမြောက်ဘဏ်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံသားများဘဏ်ရဲ့ (၄၆) ခုမြောက်ဘဏ်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်
ဇန်နဝါရီ 28, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

မြန်မာနိုင်ငံသားများဘဏ်ရဲ့ (၄၆) ခုမြောက်ဘဏ်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံသားများဘဏ်ရဲ့ (၄၆) ခုမြောက်ဘဏ်ခွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ SME လုပ်ငန်းတွေကူညီပံ့ပိုး ပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဦးတိုးအောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ Master Card နဲ့ Visa Card တွေအသုံးပြုနိုင်ဖို့ စီစဉ်နေလျက်ရှိကြောင်း ဦးတိုးအောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံသားဘဏ်ရဲ့  တာချီလိတ်ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ စစ်ဘက်၊ နယ်ဘက်ဆိုင်ရာ မှ ဖိတ်ကြားထားသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~