သက်တမ်းကုန်နေသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို အဖွဲ့သစ်ဖြင့် အစားထိုး

သက်တမ်းကုန်နေသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို အဖွဲ့သစ်ဖြင့် အစားထိုး
ဇန်နဝါရီ 14, 2020
By Tachileik News Agency

သက်တမ်းကုန်နေသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို အဖွဲ့သစ်ဖြင့် အစားထိုး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့၌ ကော်မရှင်သစ်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃/၂၀၂၀ ဖြင့် ဖွဲ့စည်းလိုက်သည်။

အဖွဲ့ဝင် (၁၁) ဦး ပါဝင်သည့် ကော်မရှင်သစ်တွင် ဥက္ကဌအဖြစ် အာဆီယံအစိုးရ အချင်းချင်း လူ့အခွင့်အရေး ကော်မရှင်၏ မြန်မာကိုယ်စားလှယ် ဦးလှမြင့်က တာဝန်ယူထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဒေါက်တာ နန္ဒာမွှန်းက ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး (အငြိမ်းစား) ဦးပေါ်လွင်စိန်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးကျော်စိုး၊ ဆေးသိပ္ပံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဒေါ်နုနုယဉ်၊ အမှတ်(၂)စက်မှုဝန်ကြီးထာန ဌာနစုမှူး(အငြိမ်းစား) ဒေါက်တာ တင်မောင်မောင်သန်း၊ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမြင့်သူမြိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဌာနကြီးမှူး(အငြိမ်းစား) ဦးတင်အောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါ်တင်ကြည်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်မြင့်တို့ ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကေ်ာမရှင်မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၌ သက်တမ်း ကုန်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~