တာချီလိတ် ရှမ်းရိုးမကွင်းတွင် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ

တာချီလိတ် ရှမ်းရိုးမကွင်းတွင် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ
ဇန်နဝါရီ 29, 2020
By Tachileik News Agency

တာချီလိတ် ရှမ်းရိုးမကွင်းတွင် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ကျင်းပနေသည့် (၁၇) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ဒုတိယနေ့အဖြစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ဆက်လက်ကျင်းပနေပြီး ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများ ယှဉ်ပြိုင်နေကြသည်။

စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၃၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လားဟူရိုးရာ မြေဝိုင်းအက၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ၊ ဂုံညှင်းဒိုးပစ်ပြိုင်ပွဲစသည့် ရိုးရာအားကစားနည်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကံစမ်းမဲ အစီအစဉ်များ ပါဝင်ခြင်းဖြစ်သည်။

ရှမ်းရိုးမကွင်းအတွင်း လားဟူတိုင်းရင်းသားရိုးရာ အိမ်များနှင့် ပြခန်းများကိုလည်း ပြသထားသည့်အပြင် ရိုးရာအဝတ်အထည်များ၊ ရိုးရာပစ္စည်းများကိုလည်း ရောင်းချနေခြင်းဖြစ်သည်။

စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူရိုးရာ အဆိုတော်များအပြင် အက်စ်တာ၊ တန်ခွန်ကျော်၊ မူးလာ၊ နော်စေးစေးထူးနှင့် တရုတ်နိုင်ငံမှ လားဟူရိုးရာ အဆို၊ အကအဖွဲ့များမှလည်း လာရောက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~