တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း မြို့နယ်အားကစား အထောက်အကူပြုကော်မတီရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပမည်

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း မြို့နယ်အားကစား အထောက်အကူပြုကော်မတီရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပမည်
ဇန်နဝါရီ 19, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း မြို့နယ်အားကစား အထောက်အကူပြုကော်မတီရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်တွင်း အားကစားလုပ်ငန်းများတွင် ကူညီပံ့ပိုးပေးနိုင်ရန် မြို့နယ်အားကစားအထောက်အကူပြုကော်မတီက ရန်ပုံငွေရှာဖွေသည့် ဂီတဖျော်ဖြေပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နှင့် (၂၆)ရက်နေ့များတွင် ရှမ်းရိုးမကွင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အားကစားကဏ္ဍကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်တာပါ။ တာချီလိတ်မှာလည်း အားကစားပြိုင်ပွဲအမျိုးမျိုးက အားကစားသမားတွေရှိနေတယ်။ သူတို့က ပြိုင်ပွဲတွေသွားပြိုင်တာတို့ ဆုရလာရင် ဂုဏ်ပြုဆု ချီးမြှင့်တာတို့ ဒီမှာကျင်းပတဲ့ပွဲတွေမှာ ပံ့ပိုးပေးရတာတို့ ရှိတာပေါ့နော်။ ဒီတော့ ရန်ပုံငွေကလည်း ရှာမလောက်ဖြစ်တော့ အခုလို ရန်ပုံငွေရှာဖို့ လုပ်တာပါ။ ဒီကော်မတီဖွဲ့စည်းကတည်းကိုက ကိုယ့်ဘာသာ ရန်ပုံငွေရှာဖွေ လုပ်ဆောင်ဖို့ ဆိုတာပါတော့ အဲဒီအတွက် လုပ်တာပါ”

ဟု တာချီလိတ်မြို့နယ် အားကစားအထောက်အကူပြုကော်မတီ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် အဆိုတော်နှင့် မော်ဒယ်သရုပ်ဆောင် စုစုပေါင်း (၁၆) ဦး ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ရှမ်းရိုးမကွင်း၊ ရွှေဖလားလက်ဖက်ရည်ဆိုင်၊ စတားဆိုင်းဘုတ်လုပ်ငန်း၊ BBB ဆေးဆိုင်နှင့် အဆွေတော်မီနီမတ်တို့တွင် လက်မှတ်တစ်စောင်လျှင် ဘတ် (၈၀၀)၊ ဘတ် (၅၀၀)နှင့် ဘတ် (၃၀၀)နှုန်းတို့ဖြင့် ဝယ်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~