လွိုင်ကော်တွင် ကျင်းပသည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်

လွိုင်ကော်တွင် ကျင်းပသည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်
ဇန်နဝါရီ 15, 2020
By Tachileik News Agency
လွိုင်ကော်တွင် ကျင်းပသည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပသည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲနှင့်  လူထု အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအား လွိုင်ကော်မြို့၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်နေ့ လူထုအခမ်းအနား တက်ရောက်ပြီးနောက် ကယားပြည်နယ်ခန်းမတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်သည်။

ကယားပြည်နယ်နေ့အခမ်းအနားကို ၂၀၁၉ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်းဖြစ်သည်။

ကယားပြည်နယ်နေ့ပွဲတော်ကို လွိုင်ကော်မြို့တွင် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  ဆန်းဖြိုးထွန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~