အသက်(၆၀)ကျော်သွားသည့် ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာအား အစားထိုးဖွယ်ရှိကြောင်း သတင်းထွက်ပေါ်

အသက်(၆၀)ကျော်သွားသည့် ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာအား အစားထိုးဖွယ်ရှိကြောင်း သတင်းထွက်ပေါ်
ဇန်နဝါရီ 27, 2020
By Tachileik News Agency

အသက်(၆၀)ကျော်သွားသည့် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာအား အစားထိုးဖွယ်ရှိကြောင်း သတင်းထွက်ပေါ်

အသက်(၆၀)ကျော်သွားသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ ပြည်ထောင်စုဝန်ကြီးနေရာအား စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ကို အစားထိုးခန့်ထားမည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအဝန်းမှ သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသိသေးကြောင်းကို ပြောကြားထားကြောင်း သိရသည်။

လက်ရှိတွင်  ပြည်ထဲရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် အသက်(၆၁)နှစ်  ပြည့်မည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့နှစ်ဦး၏ ပင်စင်သက်တမ်းကို (၆၅) နှစ်သို့ ၂၀၁၆ ခုနှစ်အတွင်းက ကျင်းပသည့် တပ်မတော် (၄) လပတ်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း စစ်မှုထမ်းအားလုံး၏ သက်ပြည့်ပင်စင်မှာ (၆၀)နှစ်ဖြစ်သဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနှနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ဝန်ကြီးများမှာ စစ်မှုထမ်းများဖြစ်သည့်အတွက် အသက်(၆၀)ပြည့်ပါက ပင်စင်ယူရမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~