အစာအဆိပ်သင့်မှု မဖြစ်ပွားစေရေး နှိုးဆော်ချက်

အစာအဆိပ်သင့်မှု မဖြစ်ပွားစေရေး နှိုးဆော်ချက်
ဇန်နဝါရီ 8, 2020
By Tachileik News Agency

အစာအဆိပ်သင့်မှု မဖြစ်ပွားစေရေး နှိုးဆော်ချက်

ပွင့်လင်းရာသီတွင် နိုင်ငံအတွင်း အလှုပွဲတော်များ စည်ကားစွာ ကျင်းပလေ့ရှိပါသည်။ ဤကာလအတွင်း အစာအဆိပ်သင့်မှုများ နှစ်စဉ် နှစ်တိုင်း ဖြစ်ပွားတတ်ပါသည်။ အစာအဆိပ်သင့်မှုသည် ရောဂါပိုးများပါဝင်သော မသန့်ရှင်းသည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် အများဆုံးဖြစ်ပွားတတ်ပါသည်။

အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် အတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများ လိုက်နာရန်

  • ၁။ အစာ မစားမီ၊ အစားအစာများကို ကိုင်တွယ်ချက် ပြုတ်ခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးချိန်များတွင် လက်များကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
  • ၂။ အိုးခွက်၊ပန်းကန်များ၊ စဉ်းတီတုံးမျာ းအပါအဝင် မီးဖိုချောင်ပစ္စည်းများ၏ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
  • ၃။ ချက်ပြုတ်ပြီး အစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအား သီးခြားစီထားရှိပါ။
  • ၄။ အစားအစာများ ချက်ပြုတ်ရာနှင့် ပန်းကန်များ ဆေးကြောရာတွင် သန့်ရှင်းသောရေကိုသာ သုံးစွဲပါ။
  • ၅။ အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ လတ်လတ်ဆတ်ဆတ်နှင့် ပူပူနွေးနွေးစားသုံးပါ။ ချက်ချင်းမစားသုံးဖြစ်ပါက ပွက်ပွက်ဆူအောင်နေးပြီးမှ စားသုံးပါ။

အစားအသောက်ရောင်းချသူများအနေဖြင့် အထူးလိုက်နာရန်

ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါဖြစ်ပွားနေသူများ၊ အရေပြားတွင် အနာရှိသူများနှင့် ဖျားနာနေသူများ အနေဖြင့် အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ကိုင်တွယ်ရောင်းချခြင်းတိုကို လုံးဝရှောင်ကြဉ်ပါ။

အစာအဆိပ်သင့်မှု ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ပြီး ထိရောက်စွာ ကုသမှု ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~