ကျိုင်းတုံမြို့ရှိ ဟွေဖြန်းသုဿန်ကို စနစ်တကျဖြစ်စေရေး ဆောင်ရွက်နေ

ကျိုင်းတုံမြို့ရှိ ဟွေဖြန်းသုဿန်ကို စနစ်တကျဖြစ်စေရေး ဆောင်ရွက်နေ
ဇန်နဝါရီ 18, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

 ကျိုင်းတုံမြို့ရှိ  ဟွေဖြန်းသုဿန်ကို စနစ်တကျဖြစ်စေရေး  ဆောင်ရွက်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ  ဟွေဖြန်းသုဿန်ကို စနစ်တကျဖြစ်စေရေးနဲ့ ရေရှည်အတွက် စီမံကိန်းချကာ ဆောင်ရွက်နေကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက အမှုဆောင်အရာရှိဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က ပြောပါတယ်။

ဟွေဖြန်းသုဿန်အပြင် တိုင်းနေသုဿန်သစ်ကိုလည်း စည်ပင်သာယာရေးဌာနက စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ပေးနေကြောင်း ဦးကျော်မင်းထိုက်က ပြောပါတယ်။

နာရေးတွေများလာတဲ့အခါ ဟွေဖြန်းသုဿန်မှာ စောင့်ဆိုင်းရတာတွေရှိတဲ့အတွက် တိုင်းနေသုဿန်သစ်ကို တည်ဆောက်ဖြစ်တာ ဖြစ်ကြောင်း တိုင်းနေသုဿန်သစ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းဆမ်နွန်းက  ပြောပါတယ်။

ဟွေဖြန်းသုဿန်မှာ မရှိဆင်းရဲသားတွေအတွက် အခမဲ့သင်္ဂြိုဟ်နိုင်ဖို့လည်း စီစဉ်ထားကြောင်း ဦးကျော်မင်းထိုက်က ပြောပါတယ်။

ဟွေဖြန်းသုဿန်မှာ မီးသင်္ဂြိုဟ်စက်သစ် (၂) လုံးတပ်ဆင်ထားပြီးတော့  လက်ရှိ မြေနေရာ အနေအထားအရ  အဆင်ပြေစေရန် အရိုးပြာအိုးမြှုပ်နှံဖို့နိုင်မဲ့အတွက် အဆောက်အဦးသစ်တွေလည်း တည်ဆောက်နေပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~