လာအိုနိုင်ငံဘက်သို့ တာချီလိတ်မြို့နယ် ကျိူင်းလပ်နှင့် ဝမ်ပုံဆိပ်ကမ်းများမှတစ်ဆင့် စက်သုံးဆီ ပြန်လည်ရောင်းချခွင့်ပြု

လာအိုနိုင်ငံဘက်သို့ တာချီလိတ်မြို့နယ် ကျိူင်းလပ်နှင့် ဝမ်ပုံဆိပ်ကမ်းများမှတစ်ဆင့် စက်သုံးဆီ ပြန်လည်ရောင်းချခွင့်ပြု
ဇန်နဝါရီ 17, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်သို့ တာချီလိတ်မြို့နယ် ကျိူင်းလပ်နှင့် ဝမ်ပုံဆိပ်ကမ်းများမှတစ်ဆင့် စက်သုံးဆီ ပြန်လည်ရောင်းချခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ကျိုင်းလပ်မြို့နှင့် ဝမ်ပုံဆိပ်ကမ်းများမှတစ်ဆင့် လာအိုနိုင်ငံဘက်သို့ စက်သုံးဆီရောင်းချခွင့်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။

"တာချီလိတ်ဒေသမှာ စက်သုံးဆီက တင်သွင်းမှု အများဆုံးထဲမှာ ပါ ပါတယ်။ တရုတ်နိုင်ငံကလာတဲ့ သင်္ဘောတွေ၊ လာအိုနိုင်ငံကလာတဲ့ သင်္ဘောတွေက ပြန်ဝယ်တဲ့ အနေအထားရှိပါတယ်။ ဝမ်ပုံဆိပ်ကမ်းမှာ ခွင့်ပြုသလို ကျိုင်းလပ်ဆိပ်ကမ်းမှာ ခွင့်ပြုလိုက်တာပေါ့"

ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ပြောသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့တွင်ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၁၉) ဆုံးဖြတ်ချက်အရ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ကာ စက်သုံးဆီရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စမ်းသပ်ကာလ (၆) လသတ်မှတ်ပြီး အောင်မြင်ပါက သက်တမ်းထပ်မံတိုးသွားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မယ်ခေါင်မြစ်ကြောင်းအတွင်း သွားလာနေသည့် တရုတ်နိုင်ငံမှ သင်္ဘောများနှင့် လာအိုနိုင်ငံမှ သင်္ဘောများကို ထိုင်းနိုင်ငံမှ စက်သုံးဆီရောင်းချမှု မရှိတော့သည့်အတွက် မြန်မာကုန်သည်များအနေဖြင့် ထိုင်းနိုင်ငံမှ စက်သုံးဆီကို ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်ဆိပ်ကမ်းများမှ တစ်ဆင့် ရောင်းချခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~