တာချီလိတ်စစ်ဗျူဟာတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းအဖြစ် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့ လုပ်ဆောင်

တာချီလိတ်စစ်ဗျူဟာတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းအဖြစ် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့ လုပ်ဆောင်
ဇန်နဝါရီ 18, 2020
By Tachileik News Agency
 

တာချီလိတ်စစ်ဗျူဟာတွင်  မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းအဖြစ် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့ လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေချစစ်ဗျူဟာတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းကို ခရိုင်မီးသတ်တပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် လုပ်ဆောင်သည်။

မီးဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များကို တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက ဟောပြောပို့ချပြီး မီးသတ်ယာဉ်ဖြင့် ရေပက်ဖြန်း သရုပ်ပြသခြင်း၊ ဓါတ်ဆီမီးလောင်မှုကို မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ဂက်(စ်)အိုးမီးလောင်မှုကို ငြှိမ်းသတ်ခြင်းတို့အား ခရိုင်မီးသတ်စခန်းမှူး ဒု-မီးသတ်ဦးစီးမှူး ဦးအောင်မျိုးမင်းနှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့က သရုပ်ပြရှင်းလင်းကြကြောင်း သိရသည်။

မီးသတ်ပညာပေးသရုပ်ပြ ရှင်းလင်းဟောပြောပွဲသို့ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)မှ စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့နှင့် မိသားစုဝင်များ (၁၀၀)ဦးဝန်းကျင်  တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင်မီးသတ်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~