ထိုင်းနိုင်ငံသား (၄) ဦး တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) မှ ဆိုင်ကယ် (၄) စီးဖြင့်ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံသား (၄) ဦး တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) မှ ဆိုင်ကယ် (၄) စီးဖြင့်ပြန်လည်ထွက်ခွာ
ဒီဇင်ဘာ 5, 2019
By 🌸

မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှဝင်ရောက်လည်ပတ်သည့် ထိုင်းနိုင်ငံသား (၄) ဦးတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) မှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည်။

ထိုင်းနိုင်ငံသား (၄) ဦးပါဝင်သော ဆိုင်ကယ်စီးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊  နိုဝင်ဘာ (၂၉) ရက်တွင် မြဝတီနယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့ပြီး မြဝတီ-ကျိုက်ထီးရိုး-နေပြည်တော်-အင်းလေး-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းအတိုင်း လှည်ပတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~