မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုန်သည်အသင်း MOU ရေးထိုး

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုန်သည်အသင်း MOU ရေးထိုး
ဒီဇင်ဘာ 2, 2019
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းတို့ ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၂၀၁၉  ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ ညနေ (၃) နာရီအချိန်က တာချီလိတ်မြို့ရှိ  1G1 (8) Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။

"ကျွန်တော်တို့ အသင်းက တစ်နှစ်တစ်ခါ ကထိန်ခင်းတယ်။ မန္တလေးမြို့မှာ ပရိယတ္တိစာသင်တိုက်ကြီးတွေကို အဓိကထားပြီး ခင်းတယ်။ တစ်နှစ်ခြားကို နယ်စပ်တွေသွားတယ်။ ဒီနှစ်ကို တာချီလိတ်ကို ခင်းဖြစ်သွားတာပေါ့။ ကထိန်ခင်းရင်းနဲ့ တာချီလိတ်အသင်းနဲ့ MOU ထိုးဖြစ်တာပေါ့။ အဓိကက နယ်စပ်မှာဖြစ်တယ်။ စီးပွားကူးသန်းမှုရယ်၊ သူတို့မှာရှိတဲ့အတွေ့အကြုံတွေ၊ ကျွန်တော်တို့မှာရှိတဲ့ အတွေ့အကြုံတွေဖလှယ်ရင်းနဲ့ MOU ထိုးဖြစ်သွားတာပါ"ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးဌေးအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက မိတ်ဆက်စကားပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးမိုးကျော်ကျော်က SES Service နှင့် Green Loan အကြောင်း ရှင်းလင်းပြောကြားပြီး  အထွေထွေ အတွင်းရေးမှူး ဦးဥက္ကာကျော်က MRCCI Digitalization အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~