တာချီလိတ်တွင် လမ်းဘေး ရေမြောင်းသံဖုံးများ မကြာခဏ ခိုးယူခံနေရ

တာချီလိတ်တွင် လမ်းဘေး ရေမြောင်းသံဖုံးများ မကြာခဏ ခိုးယူခံနေရ
ဒီဇင်ဘာ 1, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် လမ်းဘေးရေနှုတ်မြောင်းဖုံးများကို ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ဆန်ဆိုင်း(ခ)လမ်းဆုံတွင် မြောင်းဖုံးခိုးယူခံရသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် လမ်းဘေးရေမြောင်းများတွင် အမှိုက်များ ဆယ်ယူရ လွယ်ကူစေရန်နှင့် မတော်တဆမှုများ မဖြစ်စေရန် သံချောင်းများဖြင့်ပြုလုပ်ထားသည့် ရေမြောင်းဖုံး များကို စည်ပင်သာယာရေးဌာနက တပ်ဆင်ပေးထားပြီးနောက် သံမြောင်းဖုံးများ ခိုးယူခံရမှု မကြာခဏ ခိုးယူခံနေရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရေမြောင်းဖုံးဖြုတ်ခိုးခံရမှုကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၂၀)ရက် ညပိုင်းကလည်း ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကားတစ်စီး မြောင်းဖုံးမရှိသည့် နေရာ၌ ကျွံကျခဲ့ဖူးသည်။

ခိုးယူခံရသည့် သံရေမြောင်းဖုံးများနေရာတွင် ကွန်ကရစ်ရေမြောင်းဖုံးများကို စည်ပင်သာယာရေးဌာနက အစားထိုးတပ်ဆင်ပေးနေရသည်ကို တွေ့ရသည်

Tachileik News Agency




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~