Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးနေသည့် မြန်မာတစ်ဦးကို အသေဖမ်းဆီးရမိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီဌာမရတ်ခရိုင်တွင် မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးနေသည့် မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသေဖမ်းဆီးရမိလိုက်ပြီ...


ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီဌာမရတ်ခရိုင်တွင် မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးနေသည့် မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသေဖမ်းဆီးရမိလိုက်ပြီး မူးယစ်ဆေးထုတ်လုပ်နေသည့်အခန်းကို စစ်ဆေးတွေ့ရှိရကာ စိတ်ကြွဆေးပြား (၅)သိန်း၊ အိုက်စ် (၁၀)ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
နခွန်စီဌာမရတ်ခရိုင်ရှိ   ပတ္တနခရမ်အိမ်ယာတွင် ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၌ ရှာဖွေရာ မူးယစ်ဆေးမျိုးစုံနှင့်အတူ မူးယစ်ဆေးထုတ်လုပ်သည့် စက်ပစ္စည်းများကိုပါ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ မြန်မာနိုင်ငံသားက မူးယစ်ဆေးဝယ်သူအယောင်ဆောင်ထားသည့် ထိုင်းရဲတပ်ဖွဲ့ချိန်းဆိုရာသို့ ကားဖြင့် ရောက်လာစဉ် ရဲတပ်ဖွဲ့က ဝိုင်းလိုက်ရာ ၎င်းက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်ဆေးရောင်းသူမှာ သေဆုံးသွားပြီး ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀၀၀၀)ပြားနှင့် အိုက်စ် (၁)ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ မြန်မာနိုင်ငံသား ငှားရမ်းနေထိုင်ရာအိမ်ခန်းကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးထုတ်လုပ် သိုလှောင်ရာနေရာအဖြစ် အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် မူးယစ်ဆေးရောင်းချသူ၏ ဇနီးဖြစ်သူ အသက် (၂၃)နှစ်အရွယ် ထိုင်းနိုင်ငံသူက ၎င်း၏ခင်ပွန်းမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် မူးယစ်ဆေးရောင်းချနေသည်တို့ကို သိရှိခြင်းမရှိဘဲ ကားအဟောင်းရောင်းဝယ်ရေးလုပ်သည့် ချင်းရိုင်းဒေသခံတစ်ဦးဟုသာ သိထားခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ထိုင်းမူးယစ်အဖွဲ့က လွန်ခဲ့သည့်နှစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားပြီး အလိုရှိနေသူဖြစ်ပြီး မူးယစ်ဂိုဏ်းများစွာဖြင့် အချိတ်အဆက်ရှိသူဟု ရဲတပ်ဖွဲ့က သံသယရှိနေသူဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Chiangrai Times

ဆက္စပ္သတင္း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Header Ad

//