တာဆန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မိုင်းတုံဘက်သို့ လာသည့် ယာဉ်အတွင်းထဲက စိတ်ကြွဆေးပြား ၁၁သိန်းခွဲ သိမ်းဆည်းရမိ

တာဆန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မိုင်းတုံဘက်သို့ လာသည့် ယာဉ်အတွင်းထဲက စိတ်ကြွဆေးပြား ၁၁သိန်းခွဲ သိမ်းဆည်းရမိ
ဒီဇင်ဘာ 9, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရပ်တန့်စစ်ဆေးစဉ် ယာဉ်တစ်စီး၏ ကြမ်းခင်းအတွင်းမှ စိတ်ကြွဆေးပြား အရေအတွက် (၁၁)သိန်းခွဲအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း တာဆန်းကျေးရွာအနီးရှိ တာဆန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းပန် ဘက်မှ မိုင်းတုံဘက်သို့ စိုင်းစွမ်ဟန် မောင်းလာပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် မော်တော်ယာဉ်၏ ကြမ်းခင်းအတွင်း နှင့် ယာဉ်၏ ဘော်ဒီအတွင်းတို့မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၁)သိန်းခွဲအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၃)နှစ်အရွယ် စိုင်းစွမ်ဟန် နှင့် အသက်(၁၉)နှစ် အရွယ် စိုင်းနော်ခမ်း တို့အားမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

ဆက်စပ်သတင်း
မူးယစ်အမှုဖြင့်သိမ်းဆည်းထားသည့် ယာဉ်အတွင်းက စိတ်ကြွဆေး ၉၆၀၀၀ကို  ၄ရက်အကြာတွင်ထပ်မံတွေ့ရှိ






~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~