တာချီလိတ်မြို့ တာလော့ဈေးထိပ်ရှိ တြိဂံပုံစံ လမ်းလယ်ကျွန်းကို ယာဉ်အန္တရာယ်ကင်းရေးအတွက် ဖျက်သိမ်း

တာချီလိတ်မြို့ တာလော့ဈေးထိပ်ရှိ တြိဂံပုံစံ လမ်းလယ်ကျွန်းကို ယာဉ်အန္တရာယ်ကင်းရေးအတွက် ဖျက်သိမ်း
ဒီဇင်ဘာ 1, 2019
By Tachileik News Agency
တာချီလိတ်မြို့ တာလော့ဈေးထိပ်ရှိ  တြိဂံပုံစံ လမ်းလယ်ကျွန်းကို 
ယာဉ်အန္တရာယ်ကင်းရေးအတွက် ဖျက်သိမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း ကျောက်တိုင်ဘေးရှိ ချယ်ရီလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ လမ်းလယ်ကျွန်းကို ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းကျယ်ဝန်းစေရေးအတွက် ၂၀၁၉  ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့ နံနက်ပိုင်းက စတင်ဖယ်ရှားနေပြီဖြစ်သည်။

"တြိဂံချွန်းလေးက ယာဉ်သွားလာမှု အဟန့်အတားဖြစ်စေတဲ့အတွက် ဖျက်သိမ်းပြီးတော့ လမ်းအဖြစ် ပြန်ထားမှာပေါ့။ လမ်းကျယ်ဝန်းဖို့အတွက် ကွန်ကရစ်နဲ့ လမ်းပြန်ခင်းပေးမယ်။ တြိဂံပုံစံမျိုး လမ်းလယ်မျဉ်း ပြန်ဆွဲပေးမယ်။ နှစ်လမ်းသွားဖြစ်ဖို့ ဆေးတွေနဲ့ မျဉ်းပြန်ဆွဲပေးမှာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်မှ တာလော့ဈေးဘက် အဝင်လမ်းထိပ်တွင် တည်ဆောက်ထားသည့် တြိဂံချွန်းလမ်းလယ်ကျွန်းကြောင့် လမ်းဧရိယာကျဉ်းသွားသဖြင့် ဖယ်ရှားခြင်းဖြစ်သည်ဟု သိရသည်။

စည်ပင်သာယာရေးဌာနက လမ်းလယ်ကျွန်း ဖယ်ရှားရှင်းလင်းမှု လုပ်ဆောင်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ ကျော်ဇင်ဟိန်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~