မြဝတီမြို့မှ ဝင်ရောက်လာသည့် စင်္ကာပူနိုင်ငံသား (၁၀)ဦး၏ မော်တော်ယာဉ်အဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

မြဝတီမြို့မှ ဝင်ရောက်လာသည့် စင်္ကာပူနိုင်ငံသား (၁၀)ဦး၏ မော်တော်ယာဉ်အဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
မြဝတီမြို့မှ ဝင်ရောက်လာသည့် စင်္ကာပူနိုင်ငံသား (၁၀)ဦး၏ မော်တော်ယာဉ်အဖွဲ့ 
တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လည်ပတ်သည့် စင်္ကာပူနိုင်ငံသား (၁၀) ဦးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားသည်။

အဆိုပါ (၁၀) ဦးအဖွဲ့သည် မြဝတီနယ်စပ်မှနေ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့၌ မြန်မာနိုင်ငံတွင်းသို့ မော်တော်ယာဉ် (၄) စီးဖြင့် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး မြဝတီ၊ ဘားအံ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ ပြည်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့လမ်းကြောင်းအတိုင်း (၁၅) ရက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  

"ခရီးစဉ်တင်တော့ (၁၁) ယောက်၊ ကား (၅) စီးပါတယ်။ တစ်ယောက်က နေမကောင်းဖြစ်ပြီး ပါမလာဘူး။ ကားတစ်စီးကလည်း အခြေအနေအရ ပါမလာဘူး။ ဒါကကုမ္ပဏီအတွက် ပထမဆုံးခရီးစဉ်ပါ"ဟု အဆိုပါခရီးစဉ်ကို စီစဉ်ပေးသည့် Smart Way Travel Co.,Ltd မှ ဧည့်လမ်းညွှန် ဦးအောင်အောင်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~